Emajor is launched now!
emajor.ning.com သည် အင်္ဂလိပ်စာ အထူးပြုဖြင့် ကျောင်းတက်ဆဲသူများ၊ ကျောင်းပြီးသွားသော် လည်း Emajor အားသံယောဇဉ်မပြတ်နိုင်သေးသူများ၊ English Language, Linguistics and Literature အားစိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးလိုသောသူများ၊ ဝေးတစ်နေရာမှ ဝေးကွာနေသော Emajor သူငယ်ချင်းမိတ်ဆွေများ အတွက် ဆုံစည်းရာနေရာလေးတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်။
emajor.ning.com တွင်အသင်းဝင်လိုသူများသည်
၁။ English စာအထူးပြုကျောင်းသား၊ကျောင်းသူ နှင့်ဘွဲ့ရများ
၂။ English စာအထူးပြုမဟုတ်သော်လည်း English စာကိုစိတ်ဝင်စားသူများ
၃။ English စာနှင့် သံယောဇဉ်ကြောင့်ဖြစ်စေ၊ ငယ်ငယ်က A B C D ကျက်ရင်း ပုရွက်ဆိတ် အကိုက်ခံရ၍ English စာကို စိတ်နာနေသည်ဖြစ်စေ စသည်အားဖြင့် တစ်စုံတရာ ပတ်သက်နေသောသူများဖြစ်ရပါမည်။
အသင်းဝင်ပြီးပါက သင်၏အမည်ဖြင့် ဤsite အတွင်းတွင် သင်၏ကိုယ်ပိုင်ဘလော့ဂ်၊ email လိပ်စာတစ်ခု ရရှိပါမည်။ သင်၏ အသင်းဝင်အမည်၊ လျှို့ဝှက်နံပါတ်တို့ကို သေသေချာချာ ဂရုတစိုက်မမေ့မလျော့ မှတ်သားထားပါ။ သင်အလိုရှိသည့်အချိန်တိုင်းတွင် emajor.ning.com သို့ သင်၏ blog မှနေ၍ စာရေးသားခြင်း၊ သင်၏ ဓာတ်ပုံများကိုတင်ခြင်း၊ သင့်စိတ်ကြိုက် သီချင်း၊ရုပ်ရှင် စသည်တို့ကို အခြားသူများအား ဝေမျှခြင်း စသည် တို့ကိုပြုလုပ်နိုင်ပါမည်။ Invite တွင် သင်၏ Emajor သူငယ်ချင်းများသို့ ဤsite သို့အသင်းဝင်ရောက်နိုင်ရန် ဖိတ်ကြားနိုင်ပါသည်။ Forum အပိုင်းတွင် English စာနှင့်ပတ်သက်သော ဗဟုသုတများ ၊ အကျိုးပြု ခေါင်းစဉ်များ တင်၍ အဖွဲ့ဝင်အသီးသီးတို့၏ အမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ကြပါသည်။ ဤ site ၏ညာဘက်အောက်ခြေနားတွင် အစိမ်းရောင် chat အား click နှိပ်၍ Emajor ကိုသင်နှင့် တစ်ပြိုင်နက်တည်း အသုံးပြုနေသော members များနှင့် မိတ်ဆွေဖွဲ့ စကားပြောဆိုနိုင်ပါသည်။ စကားပြောဆိုရာတွင် တတ်နိုင်သ၍ English စာကိုအသုံးပြုစေချင်ပါသည်။ သင်၏ English စာကုန်ခန်းသွားသောအခါတွင် မြန်မာစာကိုအသုံးပြုစေချင်ပါသည်။ မြန်မာအသံထွက်ကို English စာလုံးပေါင်း၍ ရေးသားပြောဆိုခြင်းကို တတ်အားသရွေ့ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ စကားပြောဆိုဆွေးနွေးရာတွင် English ဘာသာစကား၊ ဘာသာဗေဒ၊ စာပေ နှင့်ပတ်သက်သော အကြောင်းအရာများကိုသာ အာရုံပြု ဆွေးနွေးကြရန်ဖြစ်ပါသည်။
အဖွဲ့ဝင်များသည်တစ်ဦး နှင့်တစ်ဦး ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ကူညီရိုင်းပင်းကြရပါမည်။
အခြားသူတစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ဖွဲ့ အားသော်လည်းကောင်း စီးပွားရေးအရ ဖြစ်စေ၊ လူမှုရေးအရ ဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ စသည်အားဖြင့်ပတ်သက်ဤ နိမ့်ပါးသော မှိုချိုးမျှစ်ချိုး နှစ်ပြား မတန်အောင် ရေးသားပြောဆို ပြုမူခြင်းမျိုးများ ကို မပြုကြပါရန် အလေးပေးတိုက်တွန်းပါသည်။
Have a nice time during your stay!
Emajor























